သဲကုန်းမြို့ပေါ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများအား စျေးနှုန်းမှန်ကန်စေရေးနှင့် ဆေးဝါးအတုများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

သဲကုန်း သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ပေါ်အတွင်းရှိ ဆေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ရောင်းချခြင်းများ ရှိ/မရှိကို စျေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က ယနေ့နံက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

 

ထိုသို့ စစ်​ဆေးရာတွင် သဲကုန်းမြို့ပေါ်အတွင်းရှိဆေးဆိုင်များအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထွန်း ဦးဆောင်၍မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စားသုံး သူရေး ရာဦးစီးဌာန၊ ကုန်သည်လုပ်ငန်းရှင်တို့နှင့်ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ် စည်းကမ်းများအတိုင်း ရောင်းချခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)