ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Aug 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းမပြုရသေးသော သာသနနွယ်ဝင်ရဟန်း သံဃာတော်များ၊ ဝန်ထမ်းများ၊ ဈေးရောင်းချသူများ၊ အနှေးယာဉ်လုပ်သားများနှင့် မော်တော် ယာဉ်မောင်း သူများကို ယမန်နေ့ နံနက်(၈)နာရီ မှစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ ကရဝိတ် ခန်းမ၌ ပထမအကြိမ်အဖြစ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။