သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံမေးမြန်း
Aug 13,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူမှုကူညီ စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကရုဏာ ကွန်ရက်အသင်း  ဥက္ကဋ္ဌအား  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
အောင်လံမြို့ ရေဘေးအိမ်ထောင်စုများသို့ နောင်တရားဒေသထွက်ကုန်များ ပေးပို့လှူဒါန်း
Aug 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား ဒေသအတွင်းရှိ ရောင်းဝယ်ရန်ခက်ခဲသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များ ပူးပေါင်းဝယ်ယူ၍ လိုအပ်သော အောင်လံမြို့ ရေဘေးသင့် ပြည်သူများထံသို့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ပေးပို့လှူဒါန်းသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း လက်ပံတန်းစိုက်ပျိုးရေးသုတေသနခြံ စပါး မျိုးများ ရွေးချယ်စမ်းသပ်စိုက်ကွက်များအား ကြည့်ရှုစစ်ဆေး
Aug 13,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၂ ရက် နေ့တွင် လက်ပံတန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံ စပါးမျိုးများရွေးချယ်စမ်းသပ်စိုက် ကွက်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် ခရိုင်ဌာနဆိုင်ရာများမှ လှူဒါန်းငွေ များအား Positive Centre ရှိလူနာများနှင့် Volunteer များထံသို့ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Aug 13,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအမံဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာ များမှ လှူဒါန်းထားသည့်ငွေများအား Positive Centre ရှိလူနာများနှင့် Volunteer များထံသို့ လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ ဒုမြို့တော်ဝန်ဦးညီညီ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက် သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးဆေးဝါးများ သိုလှောင်၍အမြတ် တင်ရောင်းချနေသည့် ဆေးဂိုဒေါင်များကို စိစစ်အရေးယူ
Aug 13,2021
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေစဉ်ကာလအတွင်း အများပြည်သူအတွက် ဆေးဝါးဈေးနှုန်းမြင့်မားခြင်းမရှိစေရန် ရည်ရွယ်၍ ဆေးဂိုဒေါင်များကို မြို့နယ်အလိုက်အဖွဲ့များဖွဲ့၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေများ၊ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း
Aug 13,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ၊ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆေးဝါးများပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၀၁)ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ
Aug 13,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ   ဝမ်ပုံဆိပ်ကမ်း၌  လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့်  ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၀၁)ဦးကို ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်က   တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။