ဇေယျာသီရိ ဩဂုတ် ၁၂
ကျေးရွာမတည်ရန်ပုံငွေ (VRFP) Type-2 အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇေယျာသီရိမြို့နယ် ၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ဒုတိယအကြိမ် နေ့ချင်းဆပ် နေ့ချင်းထုတ်ချေးစနစ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ ကျပ်(၁၉၆)သိန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မိုးသောက်ပန်းစာကြည့်တိုက်၌ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကိုကိုအောင်က မိမိတို့အနေဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ရရှိစေရန် နှင့်မိသားစုဝင်ငွေတိုးပွား စေရန်ရည်ရွယ်၍ ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြေကြားခဲ့ပြီး နောက် တာဝန်ရှိသူများက အလယ်ရွာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၉) ဦးကို မတည်ရန်ပုံငွေ ကျပ် (၇၄) သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦးကို မတည်ရန်ပုံငွေကျပ် (၆၈) သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦးကို မတည်ရန်ပုံငွေကျပ်(၄၃)သိန်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်သူ (၃) ဦးကို လည်ပတ်ရန်ပုံငွေ (၁၁) သိန်း စုစုပေါင်း အသင်းသား(၆၈)ဦးကို မတည်ရန်ပုံငွေကျပ် (၁၉၆)သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)