ငဖဲမြို့နယ် တောင်ပေါ်ဒေသ အရှိုချင်းတိုင်းရင်းသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်ထိုး နှံပေး
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ စုရပ်နေရာအသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ လမ်းပန်းဆက် သွယ်ရေး သွားလာရခက်ခဲမှုနှင့်အကြောင်းအမျိုးမျိုးတို့ကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် တောင်ပေါ်ဒေသအရှိုချင်းတိုင်းရင်းသား ဘိုးဘွားများနှင့်ဆေးထိုးရန် ကျန်ရှိ နေသေး သည့်ပြည်သူများကို ကျေးရွာများအရောက်ကွင်းဆင်း၍ ယမန်နေ့ကသွားရောက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။