မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်း များနှင့်​ စျေးမိသားစုများအားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မအူပင် သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အသက် ၆၅နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် စျေးမိသားစုအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမှုအား ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း တွင်ကိုဗစ်ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ကျော်စွာလွင်၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့က ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် အသက် ၆၅နှစ်နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီး နောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီးမိနစ် ၃၀အနားယူစေပြီးစိတ်ချသည့် အခြေအနေ ရောက်ရှိမှသာ စနစ်တကျပြန်ခွင့်ပြုထားကြောင်းသိရသည်။
မအူပင်မြို့နယ်အတွင်း ဆေးထိုးအုပ်စု နေရာများအဖြစ်ကျောင်းရွာ(အထက)​ကျောင်း၊ မလတ်တို (အထက)ကျောင်း၊ရွှေတောင်မှော်(အထက)ကျောင်း၊ကျွဲဒုံး(အထက)ကျောင်း၊လက်ပံကုန်း(အထက)ကျောင်း၊ မအူပင်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စသည့်နေရာများတွင် အဖွဲ့(၆)ဖွဲ့၊ နေရာ(၆) နေရာခွဲပြီးအုပ်စုပေါင်း(၈၈)အုပ်စုများအား သတ်မှတ်ရက်များအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးလျက်ရှိ ပြီး မအူပင်မြို့ပေါ် အနေဖြင့်ယမန်နေ့တွင် မြို့ပေါ်(၁၂)ရပ်ကွက်နှင့် သတ်မှတ် ကျေးရွာများမှ အသက်၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ ၊စျေးမိသားစု များအား မွန်းလွဲပိုင်းအထိ ဆက်လက်ထိုးနှံပေးခဲ့ရာ မြို့ပေါ်အုပ်စု စုရပ်အတွက်ဆေးလုံး (၇၀၀) ရရှိပြီးလူဦးရေ (၁၄၀၀) အားကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်​ကြောင်းနှင့်စေတနာ့ ဝန်ထမ်း များ၊ မအူပင်မြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ကြီးရွယ်အိုဘိုးဘွားများအား ကာကွယ်ဆေးထိုးရန် အခက်အခဲ မရှိစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းမအူပင်မြို့ အထက(၁)ကျောင်းဆေး ထိုးကြီးကြပ် တာဝန်ရှိသူထံမှသိရသည်။

ခရိုင်(မအူပင်)