သတင်းများ

ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask၊ FaceShield နှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း Mask၊ FaceShield နှင့် လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မစျေးတွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများအတွက် စိစစ်ရေးကတ်ပြားများ ထုတ်ပေး
Aug 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများအား စိစစ်ရေးကတ် နှင့် ကိုဗစ်-၁၉ရောဂါ လူနာများ သယ်ယူပို့ဆောင်ရေးယာဉ် စိစစ်ရေးကတ်များကို နေပြည်တော် ကောင်စီ၏ ဦးဆောင်မှုဖြင့် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသည်။
အုတ်ဖိုမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများစည်းကမ်းလိုက်နာမှုရှိ/မရှိ Mobile စနစ်ဖြင့်စစ်ဆေးဆောင်ရွက်
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ Stay at home ကာလအဖြစ်သက်မှတ်ကြေငြာထားပြီးဖြစ်ရာ ယမန်နေ့မွန်းလွဲပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံ ပြည်သူများ လိုက်နာမှု ရှိ/မရှိ Mobile စနစ်ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး
Aug 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေးတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြင်းခြံမြို့တွင် အမည်မသိလူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ(၂) ဦး ဒဏ်ရာရ၊ ကလေး (၁) ဦး သေဆုံး
Aug 12,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄) ရပ်ကွက်တွင် ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က အမည်မသိ လူတစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာ လူ (၂) ဦး ဒဏ်ရာ ရရှိပြီး (၈) လသားအရွယ် မိန်းကလေး (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) တပ်ဆင်ထားရှိမည့် အဆောက်အဦ ဆောက်လုပ်ရန် မြေနေ ရာတွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Aug 12,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် ( Oxygen Plant ) တပ်ဆင်ထားရှိမည့် အဆောက်အဦ ဆောက်လုပ်ရန်မြေနေရာတွင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်၇နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ဓာတ်ပေါင်းစုလူမှုကူညီရေးအသင်း (မန္တလေး) ရုံး၏ အရှေ့ဘက်မြေကွက်လပ်နေရာ၌ ကျင်းပသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၉၉ ဦးဆက် လက်ဝင်ရောက်
Aug 12,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၁၉၉ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့်ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထား ရှိမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Aug 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့် ခရိုင်စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။