ပန်းတနော်၊ သြဂုတ် ၁၂
ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြစ်ဝကျေးရွာအုပ်စု ဂိုဒေါင်စုကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က လူနေအိမ် (၈) လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် မြစ်ဝကျေးရွာအုပ်စု ဂိုဒေါင်စု ကျေးရွာအနီးရှိ လူနေဝါးအိမ် ( ၈)လုံး၊ အိမ်ထောင်စု ( ၈)စု၊ လူဦးရေ စုစုပေါင်း (၃၄)ဦး တို့သည် ကမ်းလွတ်ရာမြေကွက်လပ်များနှင့် နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်များသို့ ခေတ္တ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)