သတင်းများ

မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း ထိန်းချုပ်ရန်နှင့် ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် အသိပေးလှည့်လည် နိုးဆော်
Aug 19,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊စည်းကမ်းချက်များကို ပြည်သူများသိရှိလိုက်နာစေရန်အတွက် ယမန်နေ့ ညနေ ၄နာရီ မှစတင်၍ မချမ်းဘော့မြို့ပေါ်ရှိရပ်ကွက်များတွင် အသိပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခြင်း
Aug 19,2021
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများနှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် တွေ့ဆုံမေးမြန်းထားခြင်းကို ယခုကဲ့သို့ရေးသား လိုက်ပါသည်။
တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်မြေနေရာအား ဆရာတော်သံဃာတော်များမှ မြေသန့်အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်
Aug 19,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အတွက် ဆရာတော်သံဃာတော်များမှ ယမန့်နေ့ညနေ(၅)နာရီက တံတားဦးမြို့ အမှတ်(၃) ရပ်ကွက် ၊ သုခိတကမ္ဘောဇဗိမာန်အတွင်း၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ကြကြောင်း  သိရသည် ။
မြို့သစ်မြို့တွင် ဘေလီတံတားလေးစင်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း  ဆောင်ရွက်ပြီးစီး
Aug 19,2021
           စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင်  ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် ဒေသတစ်ခုမှ တစ်ခုသို့ စီးပွားကူးသန်းသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့သစ်မြို့၊ လမ်းဦးစီးဌာနမှ ဘေလီသစ်သားတံတားများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ တတိယအပါတ်က စတုတ္တမြောက်တံတားအဖြစ် မင်းသာကျေးရွာ၊ နန်းတီဆင်းတံတားအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရ
Aug 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါယာယီ ဆေးကုသဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေ ရေးကွင်းဆင်းစစ်ဆေး
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကာကွယ်ကုသရေးဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ရည်ရွယ်ကာ ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်အဖွဲ့မှ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ဆေးပစ္စည်းရောင်းချဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသည်။
ကြံခင်းမြို့ တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့များက ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ သဘာဝဘေးအခြေအနေများအား ကွင်းဆင်းကြည့်ရှု
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့များက ယမန်နေ့နံနက်(၁၀)နာရီအချိန်က ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုများသို့ သဘာဝဘေးအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေး အလှူရှင်များကလှူဒါန်း
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကိုလှူဒါန်း လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။