ကျောက်ဆည်မြို့နယ်၊ ကျီးအိပ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်
Aug 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်ဝင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းတွင် အမည်ပါရှိပြီး အသက် (၁၈) ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့် ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။