သတင်းများ

ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပညာပေး နှိုးဆော်ဆောင်ရွက်
Aug 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ  အသိပညာပေးနှိုးဆော်ခြင်းကို  ယမန်နေ့ညနေ ၃ နာရီ အချိန်က ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းတို့မှ ပူးပေါင်းကာ  မြို့ပေါ်ရပ်ကွက်ရှိ လူအသွားအလာများပြားသည့် ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံတို့တွင်အသံချဲ့စက်ဖြင့် လှည့်လည်  အသိပညာပေးနှိုးဆော်ခဲ့သည်။
ကြံခင်းမြို့တွင်၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လ တာကာလအတွက် ကျန်ရှိနေသော လိုင်စင် (၅)ခုအားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပွဲ ကျင်းပ
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး. ဟင်္သာတခရိုင် ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁ -၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လတာကာလအတွက် ကျန်ရှိနေသော လိုင်စင်(၅)ခုအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်စည်ပင်သာယာ ရေးရုံး အစည်းအဝေးခန်းမ တွင်ကျင်းပခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဌာနဆိုင်ရာများအား (Home Garden) စိုက်ပျိုးရန်မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ 
Aug 19,2021
                      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက  (Home Garden)စိုက်ပျိုးရန်အတွက် မျိုးစေ့နှင့် ပျိုးပင်များကို ယမန်နေ့  နံနက်(၁၀)နာရီခန့်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။                   
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၆)ဦး ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းခွင့် ရရှိ
Aug 19,2021
ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၆)ဦး ကျန်းမာရေးကောင်းမွန်စွာဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် စက်ရုံအလုပ်သမားများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Aug 19,2021
            ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံအလုပ်သမားများကို  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်ရက်နေ့က စက်ရုံ(၁၁)ရုံမှ အလုပ်သမား ၂၈၃၀ ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 19,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ မြို့စည်ပင် သာယာရေးစျေးအရှေ့နှင့် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလူဦးရေ (၃၁၁၂)ဦးထိ ထိုးနှံပြီးဖြစ်
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်း များအပါအဝင် လူဦးရေ (၃၁၁၂)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဂွမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၉)ဖွဲ့အတွက် PPEဝတ်စုံ၊ Mask၊ Hand gel၊ လက်သန့်ဆေးရည်နှင့် face shield များလှူဒါန်း
Aug 19,2021
ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဂွမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၉)ဖွဲ့အတွက် PPEဝတ်စုံ၊ Mask၊ ခေါင်းစွပ်၊ Hand gel၊ လက်သန့်ဆေးရည်နှင့် face shield များကို ယမန်နေ့ ညနေပိုင်းက ကင်းရုံးလူငယ်ပရဟိအသင်းအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။