သတင်းများ

ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 19,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ မြို့စည်ပင် သာယာရေးစျေးအရှေ့နှင့် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလူဦးရေ (၃၁၁၂)ဦးထိ ထိုးနှံပြီးဖြစ်
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်း များအပါအဝင် လူဦးရေ (၃၁၁၂)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဂွမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၉)ဖွဲ့အတွက် PPEဝတ်စုံ၊ Mask၊ Hand gel၊ လက်သန့်ဆေးရည်နှင့် face shield များလှူဒါန်း
Aug 19,2021
ရခိုင်သဟာယအသင်း(ရန်ကုန်)မှ ဂွမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့(၉)ဖွဲ့အတွက် PPEဝတ်စုံ၊ Mask၊ ခေါင်းစွပ်၊ Hand gel၊ လက်သန့်ဆေးရည်နှင့် face shield များကို ယမန်နေ့ ညနေပိုင်းက ကင်းရုံးလူငယ်ပရဟိအသင်းအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget အရပ်ရပ်အခွင့်အရေး လိုင်စင်များလေလံရောင်းချမည်
Aug 19,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini Budget လုပ်ငန်းလိုင်စင်များအား သြဂုတ် ၂၇ ရက်၌ ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လေလံရောင်းချမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်ရန် ကြော်ငြာထား ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိ
Aug 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးမင်းနောင်၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဦးပွားမောင် ဦးဆောင်သည့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အရ တပ်မတော်သား မိသားစုဝင်များအတွက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ယမန်နေ့က တပ်ရင်းခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ယနေ့တွင် မြို့နယ်မီးသတ် ဦးစီးမှူးရုံး၌ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြသည်။
မင်းလှမြို့၌ Stay at Homeသတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေးဆောင်ရွက်
Aug 19,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် Stay at Home သတ်မှတ် စည်းကမ်းများအား ပြည်သူများလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက င်းလှမြို့တာဘောင်ကြီးလမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာကြည့်ရှုစစ်ဆေး
Aug 19,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်း အတွင်းရှိ မြေနေရာ၌ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် မြေနေရာတိုင်းတာခြင်း၊ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံတည်‌ဆောက်‌ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီခွဲ ကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။