ထန်းတပင် ပဲခူး သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကာကွယ်ကုသရေးဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ရည်ရွယ်ကာ ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်အဖွဲ့မှ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ဆေးပစ္စည်းရောင်းချဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာ၌ ရောင်းချဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဈေးကွက်အတွင်း ရောဂါကာကွယ်ရေးအထောက်အပြုပစ္စည်းများဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည် အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးနှင့် ဆေးဝါးသိုလှောင် အမြတ်တင်ရောင်းချမှုမရှိ စေရေးနှင့် ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ဈေးကွက်အတွင်းဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေး ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းခြင်းများမပြု လုပ်စေရေး တရားမဝင်ကုန်ပစ္စည်းများနှင့် အတုအပနှင့် အရည်အသွေးနိမ့် ပစ္စည်းများရောင်းချ ခြင်းမရှိစေရေးအတွက် အထူးကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဆေးဝါးဝယ်ယူသယ်ဆောင် ရန် အခက်အခဲများရှိပါက ဆေးဝါးနှင့်ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့ထံသို့ တင်ပြဆွေးနွေးသွားရန် မှာကြားခဲ့ကြောင်းသိရသည်။