မိုးနဲမြို့၌ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်
Aug 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးလျက် ရှိသော စေတနာ့ဝန်ထမ်းများအား ဂုတ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။