သတင်းများ

နတ်တလင်းမြို့ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ သင့်တော်သောစျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေး
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊နတ်တလင်းမြို့နယ် စားသုံးသူရေးရာ ကော်မတီဝင်များနှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် များ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက နတ်တလင်းမြို့ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ သင့်တော်သော စျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး
Aug 19,2021
လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့ ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 19,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကာကွယ်ကုသရေးဆေးဝါးများနှင့်  အထောက်အကူပြု ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်း ချနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ယနေ့ နံနက် ၉ နာရီချိန်က  ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ဆောင်ရွက်
Aug 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဗိုလ်တထောင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ၊ အစိုးရပုဂ္ဂလိကဝန်ထမ်းများအပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင်  ဗိုလ်တထောင်မြို့နယ် အထက (၆) စိန်ပေါကျောင်း၌ ဆက်လက်ထိုးနှံ ​ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာလတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးနှုန့်မြှင့်တင်ရောင်း ချမှုမရှိစေရေး ဆေးဆိုင်များအားကြပ်မတ်စစ်ဆေး
Aug 19,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာလတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးဆိုင်များအား ယနေ့ နံနက် ၁၀ နာရီက လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
မူဆယ်တွင် မိုးများပြီးမြေသားများအိကာပြိုကျသဖြင့် အိမ်(၃)လုံးပျက်စီး
Aug 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မြို့နယ်သစ်တောရုံး အနောက်ဘက်ရှိ တော်ရွက်ရပ်ကွက်အတွင်းရှိ လမ်းမပေါ်သို့ ယမန်နေ့ ညနေ(၁၅)နာရီ အချိန်က မြေသားအိကာ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
သံဃာတော်များနှင့် သီလရှင်ဆရာလေးများကို ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်း
Aug 19,2021
သံဃာတော်များနှင့် သီလရှင်ဆရာလေးများကို ဆန်၊ဆီ၊ကြက်သွန်နီ၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်းပွဲကို ယ​နေ့ မနက် ၉နာရီက မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉လမ်း၊ ၃၉လမ်းနှင့် ၄၀ လမ်းကြားရှိ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒွိ လေးထပ် ကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချူပ်ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်အတွင်းရှိ မျိုးစပါးမျိုးစေ့ ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများအားကြည့်ရှု အားပေး
Aug 19,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက အုတ်တွင်း မြို့နယ် ဉယျာဉ်တော် ကျေးရွာအုပ်စုရှိ စပါးမျိုးစေ့ထုတ် စံပြကွက် စိုက်ခင်းသို့ သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။