သတင်းများ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျောက်တံခါးမြို့နယ်အတွင်း နေအိမ်ပြင်ပသို့ မထွက်ခွာစေရေးနှင့် နှာခေါင်းစည်း (Mask) စနသ်တကျမတပ်ဆင်သူများအား အသိပညာ ပေးစစ်ဆေး
Aug 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အား ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှုများပြား လာခြင်းကြောင့် Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေငြာခဲ့၍ ပြည်သူများကိုဗစ်-၁၉ ရောဂါဘေးမှကင်းဝေးစေရန်အတွက် နေအိမ်အတွင်းနေထိုင်ကြရန် မဖြစ်မနေစျေးဝယ် ထွက်ပါ က တစ်အိမ်တစ်ယောက်သာ သွားလာရန်နှင့် ဆေးရုံဆေးခန်းသွားလိုပါက တစ်အိမ်နှစ်ယောက် သာ သွားခွင့်ပြု၍ အကြောင်းမဲ့နေအိမ်ပြင်ပ သွားလာသူများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသန္တရအမိန့်ညွှန်ကြားချက်များအား ပြည်သူ များမှ အလေးထားလိုက်နာဆောင်ရွက်ကြစေရန် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ ကြေငြာထားသော်လည်း ပြည်သူများမှ လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းကရန်ကုန်-
မြိတ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကယ်ဆယ်ရေးပစ္စည်းများဖြင့် ထိရောက်လျင်မြန်စွာ ကယ်ဆယ်နိုင်ရေးအတွက် လေ့ကျင့်လျက်ရှိ
Aug 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူများအား  အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြိတ်ခရိုင်မီးသတ်စခန်းတွင် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ အရန်သင့်စုဖွဲ့ထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်လျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့်ရှောက်ရေးအသင်းသို့ အလှူရှင်များမှ လူ နာတင်ယာဉ်များ လှူဒါန်း
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စေတနာရှင်လူမှုဘဝစောင့် ရှောက်ရေးအသင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် Dead Body များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ လူနာတင်ယာဉ်များကို ယနေ့ နံနက် ၉နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊
ဧရာဝတီတိုင်းဒေသကြီး၊ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ ဝါဝါဝင်းစိုက်ပျိုး‌ မွေးမြူရေး ကုမ္ပဏီအား သွားရောက်  ကြည့်ရှု့စစ်ဆေး
Aug 19,2021
 ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က ညောင်တုန်းမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စုရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီအား သွားရောက်ကြည့်ရှု စစ်‌ဆေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့၌ အောက်ဆီဂျင်အိုး တင်ဆောင်လာသည့်ယာဉ် မီးလောင်မှုဖြစ်ပွား
Aug 19,2021
သထုံခရိုင်၊ ပေါင်မြို့ပေါ်ရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင်ကာလမ်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က အောက်ဆီဂျင်အိုး တင်ဆောင်လာသည့် မော်တော်ယာဉ်၏ ဆီတိုင်ကီအား တစ်ဖက်ယာဉ်ကြောမှလာသော ဆိုင်ကယ်မှ ဝင်ရောက်တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော Oxygen Concentrators နှင့်ဆက်စပ်ပစ္စည်းများ မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်
Aug 19,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ထောက်ပံ့ပေးအပ်သော Oxygen Concentrators နှင့်ဆက်စပ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ယမန်နေ့မွန်းလွဲ ၃ နာရီက လွဲပြောင်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တို မြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့်ဆန်နှင့် ဆီများရောင်းချပေး
Aug 19,2021
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆန်၊ ဆီ သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံစားသောက်ကုန် များဖြစ်သည့်ဆန်နှင့် ဆီများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (​၁) ဦး ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ (၄၃၉) ဦးရှိပြီဖြစ်
Aug 19,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံ နှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများအနက်မှ ​၁ ဦးမှာထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်းသိရသည်။