မချမ်းဘော့ ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊စည်းကမ်းချက်များကို ပြည်သူများသိရှိလိုက်နာစေရန်အတွက် ယမန်နေ့ ညနေ ၄နာရီ မှစတင်၍ မချမ်းဘော့မြို့ပေါ်ရှိရပ်ကွက်များတွင် အသိပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အသိပေးနိုးဆော်ရာတွင် မိမိအိမ်တွင်သာနေထိုင်ရန်၊ ဘဏ်၊ စက်သုံးဆီဆိုင်၊ ငွေကြေး၀န်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ဆိုင်များအားလုံး ပိတ်ရန်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင်ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုရန်နှင့်ပါဆယ်စနစ်(Take away)ဖြင့်သာ ရောင်းချရန်၊ စည်ပင်သာယာဈေး၊ပျံကျဈေးနှင့်ကျေးလက်ဈေးများအား နံနက်၆နာရီမှနေ့လည်၁၂နာရီအထိဈေးရောင်းချရန်နှင့် ဈေးရောင်းချသူများသည် ပါးစပ်နှင့်နှာခေါင်းစည်း(mask) တပ်ဆင်၍တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာခင်းကျင်း ရောင်းချရန်၊ ပြင်ပသို့ထွက်ခွါသည့် ဈေး၀ယ်ကတ် သို့မဟုတ် နယ်မြေကျော်ကတ်တစ်ခုခုကို ကိုင်ဆောင်၍ ထွက်ခွါရမည်ဖြစ်ပြီး ကတ်တစ်ခုခုကိုင်ဆောင်ခြင်းမပြုဘဲ နေအိမ်ပြင်ပသို့ထွက်ခွါခြင်းပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ ကျန်းမာရေး၊ နာရေး ကိစ္စရပ်မှအပ တာ၀န်ရှိသူများမှလွဲ၍ သွားလာမှုများ မပြုလုပ်ရန်၊ မြို့၀င်/ထွက်လမ်းမကြီးနေရာများ၊ ရပ်ကွက်ကျေးရွာ၀င်/ထွက်လမ်းများရှိ စစ်ဆေးဆေးခြင်းများကို လက်ခံပူးပေါင်းဆောင်ရွက်သွားရန်၊Stay at homeသတ်မှတ်ထားသည့်မြို့နယ်များနှင့် ကျန်မြို့နယ်များမှပြည်သူများအနေဖြင့် ကျန်းမာရေး၀န်ကြီးဌာနမှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအားတိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ(၂၅)နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ကြောင်းသိရသည်။
မြို့နယ်ပြန်၊ဆက်