ခန္တီးမြို့တွင် Oxygen Plant စက်ရုံတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်သည့်လူနာများအား အောက်ဆီဂျင်ပေး ကုသနိုင်ရေးအတွက် Oxygen Plant စက်ရုံ တည်ဆောက်နေမှုအား ဩဂုတ်လ (၁၉)ရက် နံနက်(၁၀)နာရီခွဲအချိန်က စစ်ဗျူဟာအခြေချ(ခန္တီး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။