သဲကုန်း ဩဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကိုလှူဒါန်း လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ လှူဒါန်းရာတွင် ဦးမောင်မောင်တာ (ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ)+ဒေါ်အေးသီတာမိသားစု၊ သဲကုန်းမြို့မှ အလှူငွေကျပ်သိန်းငါးဆယ်၊ ဦးဌေး အောင်(ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်)+ဒေါ်ဝါဝါမင်းမိသားစုမှ အလှူငွေကျပ်(၅)သိန်း၊ (ဦးအေးသိုက်)+ ဒေါ်သိန်းနွဲ့မိသားစု၊ဆေးရုံလမ်း၊သဲကုန်းမြို့မှ အလှူငွေကျပ် (၅)သိန်း၊ ဒေါ်ခင်မေဦးလွင်နှင့်ဒေါ်မေသက်မော်(ရုံးအဖွဲ့မှူး၊ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး)မှအလှငွေကျပ်(၅)သိန်း၊ဦးအောင်ခင် (ဟိုတယ်လုပ်ငန်းပိုင်ရှင်)မိသားစု ရန်ကုန်မြို့မှအ လှူငွေကျပ် (၅)သိန်း၊ဦးလှရွှေ(A.Y.H)အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး၊ရန်ကုန်မြို့မှအလှူငွေကျပ်(၂)သိန်း၊ဦးသူရနိုင်(ဟိုတယ်လုပ်ငန်းပိုင်ရှင်)မိသားစုမှ အလှူငွေကျင်(၅)သိန်း၊ MDဦးရဲကိုကိုနောင် (ဗိုလ်မင်းဗိုလ်ကုမ္ပဏီလီမိတက်)မိသားစုရန်ကုန်မြို့မှ အလှူငွေကျပ် (၁၀)သိန်း၊ မြသက်တင် ကုမ္ပဏီလီမိတက်မိသားစု ရန်ကုန်မြို့မှအလှူငွေ ကျပ်(၁၀)သိန်း၊Prosper ကုမ္ပဏီလီမိတက် မိသားစု ရန်ကုန်မြို့မှ အလှူငွေကျပ်(၅)သိန်း၊ဦးပိုင်စိုးရကျော်(Mys Yaung Chal Group Co.Ltd)မိသားစု ရန်ကုန်မြို့မှ အလှူငွေကျပ်(၅)သိန်း၊ MDဒေါ်စုစုဖြိုး(ထွန်းတောက်အောင ဇမ္ဗူကုမ္ပဏီလီမိတက်)မိသားစု ရန်ကုန်မြို့မှ အလှူငွေကျပ်(၃)သိန်း၊ကွယ်လွန်သူ မဟာသဒ္ဒမ္မ ဇောတိကဓဇ ဒေါက်တာရဲအောင်အားရည်စူး၍ အလှူငွေကျပ်(၁)သိန်း၊ ဒေါ်ခင်ဆွေသင်း (တွဲဖက်မြို့နယ်တရားသူကြီး၊မှော်ဘီမြို့နယ်တရားရုံး)မှအလှူငွေကျပ်(၁)သိန်းခွဲ၊ ဦးဆုထက် အောင် (မြို့နယ်ဥပဒေအရာရှိ)အောင်မြေသာဇံမြို့နယ်မှအလှူငွေကျပ်(၁)သိန်းတို့အား အသီး သီး လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးယဉ်ထွေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝင်ဗိုလ်မှူးအောင်ဝင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်အေးတို့မှ လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
သဲကုန်းမြို့နယ်တွင်တည်ဆောက်မည့်အောက်ဆီဂျင်စက်ရုံသည်တစ်ရက်လျှင်(၄၀)လီတာဝင် အိုးကြီး အလုံး(ဂ၀)ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ထားကာ ကုန်ကျစရိတ်အနေဖြင့် အဆောက်အဦးအပါအဝင် ကျပ်သိန်း(၁၀၀၀)ခန့်ကုန်ကျမည်ဖြစ်ပြီး ယခုလက်ရှိအခြေ အနေအထိ အလှူငွေ ၇၀% ခန်း ရရှိနေပြီဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
နိုင်လင်း