ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဆေးနှင့်ဆေးဝါးအပါအဝင် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုင်းတုံ  ဩဂုတ် ၁၉

         ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆေးနှင့် ဆေးဝါးအပါအဝင် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့က ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ကြောင်း သိရသည်။

           ရှေးဦးစွာညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဆေးနှင့်ဆေးဝါးအပါအဝင် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ကြီးကြပ်မှုကော်မတီ  ဒုတိယ ဥက္ကဋ္ဌ ဦးလုကာ၊ အတွင်းရေးမှူး ဒေါ်ဟန်စုယဉ်ညွန့်နှင့် အဖွဲ့ဝင်များက  ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် ကုသရန်အတွက်လည်းကောင်း၊ အခြားရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက်လည်းကောင်း၊ ဆေးနှင့် ဆေးဝါးအပါအဝင်  ကုန်ပစ္စည်းများ၊ တည်ငြိမ်မှုရှိစေရေး၊ အထူးသဖြင့် ကိုဗစ်-၁၉ရောဂါနှင့် ဆက်စပ်သည့် ဆေးဝါးများ၊ အထောက်အကူပြုပစ္စည်းများ၊ သိသာစွာဈေးနှုန်းပြောင်းလဲမှုမရှိစေရေး၊ ဈေးနှုန်းမြင့် တက်မှုမရှိစေရေး၊ ဆေးဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချရေး၊ ဒေသအတွင်း လိုအပ်ချက်အရ နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆေးဝါးနှင့်အထောက်အကူပြု ပစ္စည်းများတင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိရေး၊ ကုန်စည် စီးဆင်းမှုချောမွေ့စေရေး၊ ဆေးဝါးပြတ် လပ် မှုမရှိစေရေး၊ စသည့် ကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေး တက်ရောက်လာသူများက ဆေးဆိုင်များနှင့် ဆေးဝါး တင်ပို့ရောင်းချသော ကုမ္ပဏီများကြုံတွေ့နေသည့် သယ်ယူပို့ဆောင်ခွင့်၊ တင်သွင်းခွင့် ဆိုင်ရာများ၊ ဆေးဆိုင်လာသူများနှင့် ပတ်သက်၍ အခက်အခဲများကို  တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင်