သုံးခွ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသူများ၊ အောက်ဆီဂျင်လိုအပ်ချက်များပြားလာသဖြင့် အရေးပေါ်လွယ်ကူ အဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံနှင့်ဘိုးဘွားရိပ်သာတွင် အသုံးပြုရန်အတွက် ငွေကျပ် သိန်း ၃၄၀ တန်ဖိုးရှိ Power Max 150.kvA မီးစက်ကြီးအား ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းစေရေးအတွက် အောက်ဆီဂျင်လိုအပ်သော ပြည်သူများ အသုံးပြုရန် ထားရှိတပ်ဆင်ထားမည့် ဘိုးဘွားရိပ်သာအတွင်းရှိ အောက်ဆီဂျင်စက်ရုံနှင့် ဘိုးဘွားရိပ်သာအတွက် မီးပျက်ပါက အဆင်သင့် အသုံးပြုနိင်ရန် Power Max 150.kvA သိန်း(၃၄၀) တန်ဖိုးရှိ မီးစက်အား ဦးအောင်သန်း+ ဒေါ်လှရီ (သား) ကိုထင်လင်းအောင်+ မအေးအေးဆင့်( မြေး) မောင်ဉာဏ်မင်းထွန်း၊ သမီးမမေအိမွန် ၊ကိုကျော်မင်းဟန် မိသားစု(သုမင်္ဂလာယာအိမ်ယာ ၊သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့)မှလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အောက်ဆီဂျင်လီတာ(၄၀)ဆံ့ အိုးအလုံး(၁၂၀)ဖြည့်တင်း ထုတ်လုပ်ပေးနိုင်သော အောက်ဆီဂျင်စက် ရောက်ရှိနေပြီဖြစ်သည့်အတွက် ယခုလှူဒါန်းသော အဆိုပါမီးစက် တပ်ဆင်ပြီးပါက သုံးခွမြို့နယ် ပြည်သူများအား အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေး ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်