ချောင်းဦး သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အနော်ရထာခန်းမ၌ ယနေ့ နံနက်၉နာရီ အချိန်မှစတင်ပြီး ညနေ၃နာရီထိ ချောင်းဦးမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံ ကျန်းမာရေး ဝန်ထမ်းများ၊ မုံရွာမြို့ အမှတ်၄တပ်မတော်ဆေးရုံ ကုတင်၃၀၀မှ ဆရာဝန်နှင့် သူနာပြုများ လာရောက်ကူညီထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးမထိုးပေးမီ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေသန့်ဗူး နှင့်ပါးစပ်နှာခေါင်းစည်း Mask များဝေပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေး ထိုးမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် သံဃာတော်များ၊ အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ပရဟိတ သမားများ၊ ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့သည်။
ချောင်းဦးမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် အလုံးရေ ၁၀၀၀ ဒုတိယအကြိမ်အဖြစ် အလုံးရေ ၇၅၀ရရှိထားသဖြင့်ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးနှုန်းဖြင့် လူ ၃၅၀၀ ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ပထမဆုံးထိုးပေးသည့် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး ထိုးပေးပြီးသူ ၁၂၂၆ယောက်နှင့်ဆိုလျင် ၄၇၂၆ ဦးကာကွယ် ဆေးထိုးပြီးကြောင်းသိရသည်။ သံဃာတော်များ၊ အသက် ၆၅နှစ်နှင့်အထက် ဘိုးဘွားများ၊ ဦးတည်အုပ်စုများထိုးနှံပေးခဲ့ပြီး တတိယအကြိမ်ရရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ဆေးအလုံးရေ ၁၀၀၀ အား ဆေးတစ်လုံးလူတစ်ယောက်နှုန်းဖြင့် ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (sinopharm)အား ဆေးထိုးအဖွဲ့မှ ထိုးနှံပေးနေမှု့ကို ချောင်းဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထိုက်၊ ဦးခင်မောင်မြင့်တို့က အားပေး ကြည့်ရှု့ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများကပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းလုပ်ကိုင်နေသလို၊ ကိုဗစ်-၁၉ ရောဂါကာကွယ်တား ဆီးနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ၊ ပါးစပ်နှာခေါင်းစည်းMask ပြညသူများအားအခမဲ့ ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဝင်းမြင့်အောင