မိုးနဲမြို့၌ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

 

မိုးနဲ   ဇူလိုင်   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)  ၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေး လုပ်ငန်းကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးလျက် ရှိသော စေတနာ့ဝန်ထမ်းများအား ဂုတ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွ စွာပူးပေါင်းဆောင်ရွက်ခဲ့သည့် မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာ့ဝန်ထမ်း ၁၈ ဦးနှင့် မိုးနဲမြို့နယ်နမ့်ခုံးရှမ်းများ ပရဟိတအသင်းခွဲမှ စေတနာ့ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၃၀ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ၊ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် Mask များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက တစ်ဦးချင်းစီ အသီးသီးချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ