လင်းခေးမြို့တွင် နှာခေါင်းစည်းMask Campaign စုပေါင်းဆောင်ရွက်

 

 

လင်းခေး ဩဂုတ်၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ယနေ့နံနက်၉နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းMask Campaignကို မြို့နယ်တာဝန်ရှိသူတို့က ယာယီပျံကျဈေးရှေ့ လမ်းဆုံနှင့် ဈေးအတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ   ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ထွေ/အုပ် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ကော်မတီဝင်များသည်လင်းခေးမြို့ယာယီပျံကျဈေး အတွင်းနှင့် ၎င်းဈေးလမ်းဆုံ၌ သွားလာသည့်ပြည်သူလူထုထံ နှာခေါင်းစည်းMaskများ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိ ပညာပေးဟောပြော‌ခြင်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

စိုင်းဇော်လတ်