တန့်ဆည် မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

တန့်ဆည်  သြဂုတ်  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာများရှိ ကျန်ရှိနေသော အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကိုသြဂုတ်(၁၉)ရက် နံနက်(၉)နာရီ အချိန်ကစတင်၍ မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရပ်ကွက်၊ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅)နှစ်အထက်ပုဂ္ဂိုလ်များနှင့်ပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

တန့်ဆည်မြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် လူဦးရေ(၁၀၀၀)၊ ဒုတိယအကြိမ်လူဦးရေ(၁၀၀၀)နှင့်ယခု တတိယအကြိမ်တွင် လူဦးရေ(၁၀၀၀)အား ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသောပြည်သူများကိုလည်း ကာကွယ်ဆေး ရရှိမှုအပေါ်မှုတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မြို့နယ် ပြန်/ဆက်