သတင်းများ

တစ်ရက်လျှင် လီတာ ၄၀ဆံ့အောက်ဆီဂျင်အိုး အလုံး ၈၀ ထုတ်လုပ်နိုင်သည့်အောက်ဆီဂျင် စက် ညောင်ဦးမြို့တွင်စတင်လည်ပတ်
Aug 20,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးမြို့နေမိဘပြည်သူများနှင့် ပတ်ဝန်းကျင် မြို့များရှိပြည်သူများ အောက်ဆီဂျင် လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် ယနေ့ နံနက် ၇နာရီအချိန်မှစတင်ပြီး တစ်ရက်လျှင်၄၀လီတာအိုး ၈၀ လုံးထိထုတ်လုပ်ပေး နိုင်ပြီ ဖြစ်ကြောင်း ပုဂံ ကိုဆော်ထံမှသိရသည်။
ရေတာရှည်၌ “ထာဝရသုခ” အောက်ဆီဂျင်ထုတ်စက်ရုံ စတင်ဖွင့်လှစ် တစ်နေ့လျှင် အောက်ဆီဂျင်အိုး ၄၀ လီတာဆံ့ အိုး (၇၂) လုံး ထုတ်လုပ်ပေးနိုင်
Aug 20,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ကျန်သနွယ်ကျေးရွာအုပ်စု တောင်နန်ချွန်ကျေးရွာ၌ တည်ဆောက်သည့် “ထာဝရသုခ” အမည်ဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံ ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း နှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်သည်။
စလင်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာရေးအာမခံ Premiumကြေးစာချုပ်များလွှဲပြောင်းပေးအပ်
Aug 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း(Volunteer)များအတွက် ကျန်းမာရေးအာမခံ Premiumကြေး စာချုပ်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်၉နာရီ ၃၀မိနစ်အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့တွင် တစ်ရက် လီတာ၄၀အိုး ၁၈၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်
Aug 20,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြု လူနာများ၊ အခြားအောက်ဆီဂျင်လိုအပ်နေသော လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ကန့်ဘလူမြို့ ခုတင်၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခုတင်၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုး ၊ဌာနဆိုင်ရာများ နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး မြေနေရာကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့၌ ထန်းနှင့်သစ်အချောထည်စက်ရုံ ကြည့်ရှုပြီး ကုန်သည်ကြီးများနှင့်တွေ့ဆုံ
Aug 20,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ စက်မှုဇုန် ၁လမ်းရှိ 3 Seasons Furniture ထန်း နှင့် သစ်အချော ထည်စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးမှ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
Aug 20,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယမန်နေ့နေ့လယ် ၁ နာရီက ပခုက္ကူခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများအား အခြေခံ စားသောက်ကုန်လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်း
Aug 20,2021
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလအတွင်း ဆွမ်းကွမ်းမပြည့်စုံသည့် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းကိစ္စများ တဖက်တလမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိက အလှူတော်အဖြစ် အခြေခံစားသောက်ကုန်လှူဖွယ်ပစ္စည်းများကို ကော့သောင်းတပ်နယ်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ယမန်နေ့နံနက်ပိုင်းက လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ် ဘန်းယဉ်တိုက်နယ်ဆေးရုံသို့အောက်ဆီဂျင်အိုးများ လာရောက်လှူဒါန်း
Aug 20,2021
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ ဩဂုတ် ၁၉ရက် ညနေ ၃နာရီခွဲခန့်က စေတနာရှင်အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့သည်။