ငဖဲမြို့ ချင်းစုရပ်ကွက်တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Aug 20,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချင်းစုရပ်ကွက် အရှေ့ဘက်ရှိလယ်မြေများတွင် ရာသီအချိန်အခါမရွေးစိုက်ပျိုးကြသော စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့် မြေအောက်ရေကို ထုတ်ယူသုံးစွဲနိုင်စေရေးတို့အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့်စက်ရေတွင်း(၄)တွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၆ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ အတွင်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။