ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ထားဝယ်       သြဂုတ်    ၂၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ ၊မြို့တော်ခန်းမ၌  ကျင်းပသည်။

ဆွေးနွေးပွဲတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်စိုး က  ကိုဗစ်-၁၉ ရောဂါသည် ကူးစက်လွယ်သောရောဂါဖြစ်ကြောင်း၊ လူတိုင်းတွင်ကျန်းမာရေး အသိရှိရမည်ဖြစ်ပြီး တက်ရောက်လာသူများ အနေဖြင့်မိသားစုဝင်များကို ကျန်းမာရေး အသိပညာများ မျှဝေပေးစေလိုကြောင်း၊ အများပြည်သူစည်းကမ်းလိုက်နာအောင် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက် ပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က အိမ်ထောင်စုတစ်စုလျှင် ဝင်ထွက်သွားလာခွင့်ကတ်ပြား()ကတ်စီကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ထုတ်ပေးရမှာဖြစ်ကြောင်း၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင် များတွင်ပါဆယ်စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဆေးဆိုင်များကို social distancing နှင့်အညီ ()ပေခွာ၍ ဝယ်ယူရမှာဖြစ်ကြောင်း၊ ပြည်သူအများ စည်းကမ်းတကျ သွားလာနိုင်ရေးအတွက် ရပ်ကွက်အလိုက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကြပ်မတ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာများတွင် ရပ်ကွက်အလိုက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့()ဦးဖြင့် ဖွဲ့စည်းထားရမှာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါများနှင့် ပတ်သက်၍  ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်  တက်ရောက်သောရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း  သတင်းရရှိသည်။

ကျော်ကျော်လတ်(ထားဝယ်)