ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm) များ ထိုးနှံပြီးစီး

ဘုတလင် သြဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာ‌‌တော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ် နှင့် အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm)ကို ယမန်နေ့က မြို့နယ်ပြည်သူ့ ဝန်ဆောင်မှု(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် သြဂုတ်လ(၁၄)ရက်နေ့မှ သြဂုတ်လ(၂၀)ရက်နေ့အထိ သံဃာ‌တော် ဆရာတော်ကြီးများ၊ သီလရှင်များ(၁၂)ပါး၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွား(၂၇၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၇)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၁၃)၊ ပရဟိတ အသင်းများမှ(volunteer)(၂၅)ဦး၊ ပုဂ္ဂလိကစက်ရုံများမှ ဝန်ထမ်း(၂၂၉)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၅၅)ဦး၊ ဈေးသူ၊ ဈေးသား ပြည်သူများ (၃၇၄)ဦး၊ အကျဥ်းကျခံနေသူ(၁)ဦး၊ စုစုပေါင်း(၉၉၈)ဦးတို့ကို မြို့နယ်ကုသရေး ဦးစီးဌာန ကာကွယ်ဆေးထိုးအဖွဲ့ များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm)များ ထိုးနှံပေးနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SinoPharm) ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးနိုင်ရေး အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးရရှိမှုမှာ ဆေးအလုံးရေ(၅၀၀) ရရှိပြီး ဆေးသုံးစွဲမှုမှာ လူဦးရေ(၁၀၀၀)ခန့် ထိုးနှံသုံးစွဲခဲ့ကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်။

နှင်းယုအေး(ဘုတလင်)