ဒဂုံဆိပ်ကမ်း ဩဂုတ် ၂၀
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုကျေးရွာ၊ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် ဖွင့်လှစ်ထားသော YGW ထာ၀ရဘိုးဘွားရိပ်သာတွင် ယမန်နေ့က ဦးဇော်မျိုးဦးနှင့်သား မောင်သီဟထွဋ်၏ မွေးနေ့အလှူ အဖြစ် oxygen concentrator တစ်လုံးလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါအလှူရှင်များမှာ lady Grace Diamond land မိသားစုမှလှူဒါန်းခြင်းဖြစ်ပြီး၊ နှာခေါင်းပိုက် (cannula)၊ ဒုတိယအကြိမ်အဖြစ် ကိုဗစ်ရောဂါဖြစ်ပွားနေသောကာလဖြစ်သဖြင့် နာတာရှည် သက်ကြီးရွယ်အိုများအတွက် အောက်ဆီဂျင်လိုအပ်လျှင် အလွယ်တကူရရှိစေရန်ရည်ရွယ်၍ oxygen concentrator လှူဖို့စီစဉ်တာဖြစ်ကြောင်း၊ ဘိုးဘွားရိပ်သာတစ်ခုလျှင် oxygen concentrator တစ်လုံးစီ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် (၁၀)လုံးပြည့်အောင်လှူဒါန်းမှာဖြစ်တဲ့အတွက် အမှန်တကယ် လိုအပ်သော ရန်ကုန်တိုင်းအတွင်း ဘိုးဘွားရိပ်သာ များမှ lady Grace Diamond Land comment box သို့ဆက်သွယ်နိုင်ပါကြောင်းသတင်းရရှိပါသည်။