သတင်းများ

သံဖြူဇရပ်မြို့တွင် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် (၁၆) တန်ဆံ့ Liquid အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Aug 25,2021
မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကို​မောင်၊  ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ​စေတနာရှင်၊ အလှူရှင်များသည် ယနေ့ နံနက် (၉) နာရီအချိန်တွင် သံဖြူဇရပ်မြို့၊ ​ဖောင်စိန်ရပ်ကွက်၌ မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်​သော (၁၆) တန်ဆံ့ Liquid ​​အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်​ရောက်သည်။
သာစည်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမား ၂၀၈၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ထိုးနှံပေးသွားမည်
Aug 25,2021
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးများတွင် လူမှုဖူလုံရေးအာမခံ ထားရှိသည့်  စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ကြီး ဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ သာစည်မြို့နယ် လူမှုဖူလုံရေး အဖွဲ့ရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအနက် အာမခံအလုပ်သမား၂၀၈၅ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု လူမှုရေးအထောက်အကူပြု အဖွဲ့နှင့် တွေ့ဆုံ၍ ကျန်းမာရေး လုပ်ငန်းများ ဆွေးနွေး
Aug 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု နာရေးကူညီမှုအထောက်အကူပြုအဖွဲ့များနှင့် အစည်းအဝေးကို ဝေါမြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျန်းမာရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ဈေးကွက်အတွင်း ဆေးဝါး၊ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 25,2021
ပခုက္ကူမြို့နယ်တွင် ကူးစက်ရောဂါ ကာကွယ်ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ယနေ့ နံနက် ၉နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်ဆေးသည်။
ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲ
Aug 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေး နေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေးနေသော ယာဉ်လိုင်းများ အနေဖြင့် အနယ်နယ် အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲ ပေးလျက်ရှိကြောင်း ယနေ့ နံနက်က ရန်ကုန်တိုင်း ဒေသကြီးပုဂ္ဂလိက သယ်ယူပို့ ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။ ပုံ-ယနေ့နံနက်က ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ခရီးသည်တင် မော်တော်ယာဉ်များကိုတွေ့ရစဉ်။
သဘာဝဘေးအန္တရယ်ကြုံတွေ့လာပါကကူညီကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးမီးသတ်တပ်ဖွဲ့ဝင်များစုဖွဲ့လေ့ကျင့် သရုပ်ပြပွဲပြုလုပ်
Aug 25,2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးစွမ်းရည်ထက်မြတ်စွာနှင့် ထိရောက်စွာကူညီ ကယ်ဆယ်နိုင်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပေါင်းစပ်ကာ စုဖွဲ့လေ့ကျင့်ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
လပွတ္တာမြို့နယ်အတွင်းရှိ ရွေးမြစ်နှင့် ပြာမလော့မြစ်အကြား ရေငန်တားတည် ဆောက်ခြင်းအတွက် နစ်နာကြေးပေးအပ်
Aug 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရွေးမြစ်နှင့် ပြာမလော့မြစ် အကြား ရေငန်တားတည်ဆောက်ခြင်းအတွက် နစ်နာကြေးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ (၄၀၀၀) ကျော်ထိုးနှံပြီး၍ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ပထမအကြိမ် ထိုးနှံရန် ကျန်ရှိနေသော အသက်(၆၅) နှစ်အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို ဩဂုတ်လ ၂၅ ရက် နံနက် ၉ နာရီကစ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေးကျန်းမာရေးဌာန)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။