ပုသိမ် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရေးအတွက် သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် နှစ်စဉ်ငါးသားပေါက်မျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီက ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ငဝန်မြစ်အတွင်းသို့ (၂)လက်မ အရွယ် ငါးမြစ်ချင်းကောင်ရေ(၂.၅)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ(၂.၅)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ကိုတွတ်