မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

မြဝတီ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဩဂုတ်လ (၂၃) ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျထုတ်ပေးခဲ့သည်။

ထို့သို့ ထုတ်ပေးရာ၌ ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြဝတီမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း (၁၀၀၀)ဦးခန့်က ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။

ထို့ပြင် မြဝတီမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ယနေ့ဩဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆက်လက်ထုတ်ပေးသွားဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်