ဗဟန်းမြို့နယ်၌အခြေခံစားကုန်များကိုရွေ့လျားစျေးကားစနစ်ဖြင့်စျေးနှုန်းသက်သာစွာလှည့်လည်ရောင်းချပေးလျက်ရှိ

ရန်ကုန်  သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်ရှိပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်းအခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့်ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ဗဟန်းမြို့နယ်၌ယမန်နေ့ နံနက် ၉ နာရီတွင်ရွှဂုံတိုင်လမ်းနှင့်ကမ္ဘာအေး လမ်းတောင့်ရှိ၊ ရွှေဂုံရိပ်မွန်အိမ်ရာတွင်လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် ဗဟန်းမြို့နယ်ဆရာစံမြောက်အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်းတို့တွင်လည်းကောင်း၊ ဆန်၊ ဆီ သယ်ယူ ပို့ဆောင် ရေးနှင့်ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆိတ်သားနှင့်အမဲသားများကိုဈေးနှုန်း သင့်တင့်စွာလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်

(၁) ပြည်လျှင် ငွေကျပ်၁၀၀၀နှုန်းဖြင့် (၅) ပြည် အိတ်တစ်အိတ်ကို ငွေကျပ်၅၀၀၀နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း(၁)ပြည်လျှင် ငွေကျပ်၁၇၀၀နှုန်းဖြင့်(၅)ပြည်အိတ်တစ်အိတ်ကိုငွေကျပ်၊ ၈၅၀၀နှုန်းဖြင့်

လည်းကောင်း၊ ကြက်ဥ(၁၀)လုံး တစ်ကတ်လျှင်(၁၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဆိတ်သား(၁၀)ကျပ်သားလှျင်(၁၂၀၀မှ၂၀၀၀)ကျပ်အထိလည်ကောင်း၊ အမဲသား(၁၀)ကျပ်သားလျင်၊ (၁၂၀၀မှ၁၃၀၀)အထိ လည်ကာင်း၊ ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ကျပ် ဖြင့် လည်းကောင်းရွေ့လျား စျေးကား Mobile Market ဖြင့်ပြည်သူများအားရောင်းချပေးခဲ့ရာ၊ဆိတ်သား(၆)ပိသာ၊အမဲသား(၈)ပိသာ၊ ဧည့်မထဆန်(၅)ပြည်အိတ်၊ (၇၁)အိတ်၊ ပေါ်ဆန်းမွေး(၅)ပြည်အိတ်၊ (၁၁၃)အိတ်၊ ဆီ(၅၀)သားပါဘူး

(၁၃၆)ဘူး၊ ကြက်ဥ(၁၀)ပါကတ်(၂၇၀)ကတ်တို့အားရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါရောင်းချနေမှုများကိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊

ဌာနဆိုင်ရာများမှတာဝန်ရှိသူများကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် ( ပြန်/ ဆက်)