ကျောက်တန်း ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ Thilawa Multipurpose International Terminal ( TMIT ) လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုး ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ သီလဝါဆိပ်ကမ်းဒေသ၊ မြေကွက်အမှတ် ( ၁/၂ ဘီ )ရှိ Apex Union Gas လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ဦးဆောင်သောအဖွဲ့မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီမှု ရှိ/မရှိအား စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော်(ပြန်/ဆက်)