တိုက်ကြီးမြို့နယ် အုန်းပင်ကွင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်း

တိုက်ကြီး ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အုန်းပင်ကွင်းကျေးရွာ၌ ကျင်းပသည်။

ဦးစွာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက မြစိမ်းရောင်စီမံကိန်းကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် ကျေးရွာပြည်သူများက ၎င်းတို့၏သဘောဆန္ဒအတိုင်း မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ကော်မတီဝင် ၇ ဦးအား အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)