ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ် (၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရမှုလျှော့ချရန်၊ ယာဉ်တိုက်မှု နှင့် ဆုံးရှုံးမှုများ ကာကွယ်ရန်၊ လမ်းအသုံးပြုစုအားလုံး ဘေးကင်းစေရန်နှင့် စနစ်တကျ ရှိသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ် ၆၉ ရပ်ကွက်ရှိ ပညာနန္ဒဓမ္မာရုံနှင့် အမှတ် ၆၈ ရပ်ကွက်ရှိ ကုလသဝါယမဓမ္မာရုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။