ဒီပဲယင်း မြို့နယ်တွင်၊ကျွဲ၊ နွား တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေပြာဝန်ထမ်းများအနေဖြင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ သရက္ကန် အရှေ့ ကျေးရွာ၊ သရက္ကန် အနောက်ကျေးရွာ၊ ညောင်ပုထိုး ကျေးရွာ၊ ဆင်ဝပ်ကုန်းကျေးရွာနှင့် နဂါးဘို ကျေးရွာတို့မှ ကျွဲနွားကောင်ရေ (၆၉၇)ကို ပေါင်ပုပ်လက်ပုပ် ရောဂါ နှင့် ကျွဲ နွားဒေါင့်သန်း ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။