ကံမ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေး ချယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံး ဝန်ကြီးဌာန၏ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးဆို်ငရာ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ ချပြရှင်းလင်းခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူး များပြန်လည်ရွေးချယ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများ လုပ်ငန်း တာဝန်များ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန ၏ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ အကြောင်း ကို Power Point ဖြင့် ချပြရှင်းလင်းခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၅၆ အုပ်စုမှ အုပ်ချုပ် ရေးမှူးများနှင့်စာရေးများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အဖွဲ့များခွဲ၍ ရှင်း လင်း ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)