ဒီပဲယင်း ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေပြာဝန်ထမ်းများအနေဖြင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ သရက္ကန် အရှေ့ ကျေးရွာ၊ သရက္ကန် အနောက်ကျေးရွာ၊ ညောင်ပုထိုး ကျေးရွာ၊ ဆင်ဝပ်ကုန်းကျေးရွာနှင့် နဂါးဘို ကျေးရွာတို့မှ ကျွဲနွားကောင်ရေ (၆၉၇)ကို ပေါင်ပုပ်လက်ပုပ် ရောဂါ နှင့် ကျွဲ နွားဒေါင့်သန်း ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဒီပဲယင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် (၃)လပတ်အတွင်း ကျွဲနွားပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးကို ကောင်ရေ (၁၀၀ ၀)နှင့် ကျွဲနွားဒေါင့်သန်းရောဂါကာကွယ်ဆေး ကောင်ရေ(၃၀၀၀)ထိုးနှံပေးရန် လျာထားဆောင် ရွက်လျက်ပြီးကာကွယ်ဆေးထိုးနှံလိုသော တောင်သူများအနေဖြင့် မိမိရပ်ရွာတွင် စိတ်ပါ ဝင်စားသူ တောင်သူများစုဖွဲ့၍ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒီပဲယင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ကာ မိမိတို့၏ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများထိုးနိုင်ကြောင်း သိရှိရပါသည်။
သိန်းထွန်း(ဒီပဲယင်း)