Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေသူများနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)၊ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်း
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေသူများနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများကို အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)၊ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် Stay at home ကာလတွင် နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ယာဉ်ကြောများ ပိတ်ဆို့စစ်ဆေးခြင်း ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက် ဒဂုံပန်းခြံရှေ့တွင် ယမန်နေ့ညက မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ယာဉ်ထိန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က Stay at HOme ကာလတွင် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိပဲ အကြောင်းမဲ့ ဝင်ထွက်သွားလာနေခြင်းများ မရှိစေရန် အတွက်
အပြည့်အစုံ ဖတ်ရန်
(၈၃)နှစ်မြောက် ကရင်အမျိုးသားအောင်ပွဲနေ့ နတ်တလင်းမြို့နယ်တွင် ကျင်းပ
Jan 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် (၈၃)နှစ်မြောက် ကရင်အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာအနောက်ခြမ်း ကရင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 14,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် စိုက်ပျိုးထားသော သကြားပြောင်း စိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင်သုံးဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ရဲစခန်းအား အသွားအလာ ကန့်သတ်
Jan 14,2021
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် (၃)ဦ:အား ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသဖြင့် ညောင်လေးပင်ရဲစခန်းအား အသွားအလာ ကန့်သတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်ရွက်နေ သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Jan 14,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ G.T.I Quarantine Center ဝင်ရောက်နေသူ(၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ အနံ့ပျောက်ပိုးတွေ့နှင့်ဆက်စပ်သူ (၈)ဦးတွင်ရောဂါပိုးတွေ့ရှိ
Jan 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း Quarantine Center ဝင်ရောက်နေသူ (၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား ဇန်နဝါရီ(၁၃)ရက်နေ့ က RDT Test Kit ဖြင့်စစ်ဆေးရာ၊ ယမန်နေ့က အနံ့ပျောက် သဖြင့် ဆေးရုံတက်ရောက်ကုသပြီး၊ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသူများနှင့်ဆက်စပ်သဖြင့် Quarantine ဝင်ရောက်နေသူ(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ သစ်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ
Jan 14,2021
မိုးကုတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်ဒါရိုက်တာ သစ်ရွေးချယ်တင်မြှောက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉ နာရီအချိန်က အဆိုပါမြို့နယ်သမဝါယမအသင်းစု လီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25841
Page
25842
Page
25843
Page
25844
Current page
25845
Page
25846
Page
25847
Page
25848
Page
25849
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department