ဒဂုံမြောက် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၆)ရပ်ကွက်၊ သာသနာ့ရက္ခိတ ဓမ္မာရုံတွင် မွေးစမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ယနေ့နံနက် (၉:၀၀)နာရီက မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုက်ကျွေးထိုးနှံပေးသော ဆေးများမှာ မွေးစ ကလေးငယ်များကို ဘီစီဂျီ အသည်းရောင် အသားဝါ (ဘီ)၊ အသက်(၂)လ ကလေးငယ်များကို ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ၊ဦးနှောက် အမြှေးရောင်၊ (၅မျိုးစပ် ကာကွယ်ဆေး)-၁၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗီ) -၁ ၊ အသက် (၉)လ ကလေးများကို ဝက်သက်၊ ဂျိုက်သိုးနှင့် အသက်တစ်နှစ်ခွဲ ကလေးများအား ဝက်သက်ကာကွယ် ဆေးတိုက်ကျွေးခြင်း၊ ဆေးထိုးခြင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး နံနက်(၉:၀၀)နာရီမှ ညနေ(၃:၀၀)နာရီထိ ထိုးနှံတိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)