Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရွာသစ်မြို့ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jan 14,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အဆိုပါ နေရာများ ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့တွင် အမှိုက်များစနစ်တကျ သိမ်းဆည်းခြင်း၊ အမှိုက်ကျင်းများ ရှင်းလင်းခြင်းများ ဆောင်ရွက်
Jan 14,2021
မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြည်သူများအား အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေး အတွက် အမှိုက်များစနစ်တကျ သိမ်း ဆည်းခြင်း၊ အမှိုက်ကျင်းများ ရှင်းလင်းခြင်းများကို ယမန်နေ့ ညနေပိုင်းက လားရှိုးလမ်း၊ သီပေါ လမ်းများ ရှိ အမှိုက်ကျင်းနေရာများအား စက်ယန္တရားများဖြင့် ရှင်းလင်းခြင်းကို မြို့နယ်အမှုဆောင်အရာရှိ ဦးသိန်းစိုးမှ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများ ဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ် အတွင်းရှိ ကျေးရွာများ၌ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာများအားတာဝန်ပေးအပ်
Jan 14,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လာမည့်အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအတွင်း နေထိုင်သူများအား ရွေးချယ်ထားသော ရပ်မိရပ်ဖ(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား တာဝန်ပေးအပ်ခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ (ရွှေတိဂုံစေတီပုံတူ) မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရှုခင်းသာကျေးရွာ၊ ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာ ကျောင်းဝန်း၌ တည်ထားကိုးကွယ်မည့် (ရွှေတိဂုံစေတီပုံတူ) မဟာအတုလ မြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာကျောင်း စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွား
Jan 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နယ်မြေ (၁၃) ၌ ယနေ့နံနက် ၅ နာရီခန့်တွင် ပလပ်ပေါက် ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြိုနယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူဦးရေထူထပ်သော နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေမှာ ယနေ့အထိ (၅၈၀၁) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (ဌ)ရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25836
Page
25837
Page
25838
Page
25839
Current page
25840
Page
25841
Page
25842
Page
25843
Page
25844
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department