ပန်ဆောင် ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ၁၀ ရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပန်ဆောင်စျေးအတွင်းလာရောက်ရောင်းချ၊ ဝယ်ယူကြသော ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်တားစီးနိုင်ရေး အတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစျေးတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်ဆောင်မြို့အတွင်း စျေးရောင်းစျေးဝယ်ပြည်သူများအား နှာခေါင်း စည်း Mask မဖြစ်မနေတပ်ဆင်ရေးစည်းရုံးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask (၅၀၀ )ခု အားဖြန့် ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းကို ပန်ဆောင်မြို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ရေးကော်မတီဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဂျာယော်(ပြန် /ဆက် )