ဇမ္ဗူသီရိမြို့နယ်တွင် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ကိုယ်စား) ဦးကျော်ထွေးက မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာနိုင်စေရေး ဘောလုံးပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်၊ ဘောလုံးအားကစားကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာ စေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက ဘောလုံးအားကစား ဖွံ့ဖြိုးရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်နှင်းမမဦးက မြို့နယ်ဘောလုံး အဖွဲ့ချုပ် ဖွဲ့စည်းပုံစဉ်းမျဉ်းများအား ဆွေးနွေး တင်ပြခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးရဲအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်ဘောလုံး အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)