သတင်းများ

ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ နွေရာသီ ရေပြတ်လပ်မှု မရှိစေရေးတို့အတွက် ဆောင်ရွက်
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဗန်းမော်မြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထပ်မံတည်ဆောက်မည့် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံး ပန္နက်ရိုက် အခမ်းအနားကျင်းပ
Jan 14,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်း များအား နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်မြို့ (၃) မိုင်၊ ရွှေပြည်သာ ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာ၌ ထပ်မံတည်ဆောက်မည့် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံးကို ယနေ့နံနက် ၉ နာရီခန့်က ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
ထန်းတပင်၌ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်းနှစ်သောင်းကို (အခမဲ့) ဖြန့်ဝေပေးသွားမည်
Jan 14,2021
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင် ပေါင်းနှစ်သောင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား (အခမဲ့) ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဘောဂလိမြို့ ဖူးကြာထူးလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်း (၂၅) ရာခိုင်နှုန်း ပြီးစီး
Jan 14,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ရှိ စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်း သာယာလှပရေးအတွက် ရပ်ကွက်တွင်းရှိလမ်းများအား
ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆက်သွယ်ရေး ကွန်ကရစ်လမ်းစတင်ရန် ဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေး
Jan 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကွန်ကရစ်လမ်း ခင်းကျင်းရန် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက လုပ်ငန်းများ ပြီးစီးမှုအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဗန်းမောက်မြို့၌ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ပညာပေးဆွေးနွေးပွဲကျင်းပ
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး ပြုလုပ်
Jan 14,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးကို ယမန်နေ့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။
အင်္ဂပူမြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Jan 14,2021
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြု လုပ်ခဲ့သည်။