ပွင့်လင်းရာသီကာလ ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေး
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေ ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် သရက် အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။