လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

လှိုင်းဘွဲ        ဇန်နဝါရီ ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို Online မှတစ်ဆင့် ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ လှိုင်းဘွဲမြို့နယ်မြို့မစခန်းမှူး ဒုရဲမှူးဘတိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ မြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ ပြည်သူများလိုက်နာ ဆောင်ရွက်မှုနှင့် အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)