သတင်းများ

ဟားခါး၌ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်နည်းနှင့် စပါးအထွက်တိုးခြင်းဆိုင်ရာ နည်းပညာပေးသင်တန်း သင်ကြားပို့ချပေး
Jan 14,2021
စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ကိုဗစ်-၁၉ ​ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း (The New Normal) လိုက်နာလျက် လယ်ယာကဏ္ဍလုပ်ငန်းများတွင် အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်နည်း၊ စပါးတိုက်ရိုက် အစေ့ချနည်း၊ စပါးဆိုင်ရာ အခက်အခဲများ ဖြေရှင်းနည်း၊ စပါးပင်၏ ရုပ်သွင်ပြင်လက္ခဏာနှင့် စပါးအထွက်တိုးခြင်း ဆိုင်ရာနည်းပညာပေး သင်တန်းကို ယနေ့တွင် Online မှ တစ်ဆင့် IT နည်းပညာအသုံးပြု၍ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုးနဲမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုများ​ လျော့နည်းကျဆင်း​​စေရေး အသိပညာ​ပေး​ဟော​ပြော
Jan 14,2021
မ​ကွေးတိုင်း​ဒေသကြီး​ ချောက်မြို့နယ်တွင်​ချောက်မြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းမှုများ လျော့နည်း ကျဆင်း​စေ​ရေး အသိပညာပေး​ ဟော​ပြောခြင်းကို ယမန်​နေ့ နေ့လယ် ၂ နာရီအချိန်က ပြည့်ပင်အုပ်စု၊ မိုလာ​ကျေးရွာ သားထကူဘုရား​ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ​ပေါ်တွင် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။
မြောင်းမြမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များဖွဲ့စည်း
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးများ ပြန်လည် ရွေးချယ်ခန့်အပ်နိုင်ရေး ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနား အား ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြရွှေဝါ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့နယ် နန့်ယားကျေးရွာ၌ Facility Quarantine ကန့်သတ်ထားရှိသူ (၁၀) ဦးအား Test Kit ဖြင့် ပထမအကြိမ် ဓာတ်ခွဲနမူနာများရယူ
Jan 14,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ နန့်ယားကျေးရွာ၌ Facility Quarantine ကန့်သတ်ထားရှိသူ (၁၀) ဦးအား နှာခေါင်း နှင့် အာခေါင်တို့ဖတ်များကို ယမန်နေ့နံနက် (၁၁) နာရီက Test Kit ဖြင့် ပထမအကြိမ် ဓာတ်ခွဲနမူနာများ ရယူဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်၊ စက်စုကျေးရွာ ပညာဗိမာန်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ
Jan 14,2021
ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်ရှိန်မြင့်မားတိုးတက် လာစေရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင် ‌သခွတ်ပင်ကျေးရွာအုပ်စု စက်စုကျေးရွာ ပညာဗိမာန် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့ မန်ကောင်းရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် တံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေ
Jan 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မန်ကောင်းရပ်ကွက်တွင် မိသားစု တစ်နိုင်တစ်ပိုင် တံမြက်စည်းများပြုလုပ်၍ ဈေးကွက်သို့ ပြန်လည် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်ချမြေသန့်မင်္ဂလာ အခမ်းအနားကျင်းပ
Jan 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လွိုင်နွဲ့ကျေးရွာရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မြေနေရာတွင် ယနေ့ နံနက် (၆) နာရီအချိန်က ပန္နက်ချ မြေသန့်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။