ကောလင်း၊ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်ဥက္ကံကျေးရွာမှာဆောင်းမြေပဲစံပြကွက်နဲ့နွေစပါးစိုက်စနစ်မှန်ကန်ရေးနှင့် ပိုးမွှားကင်းထောက်မှတ်တမ်းကောက်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
တောင်သူများကို နည်းပညာရှင်းလင်းမျှဝေပေးရာတွင် ကောလင်းခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်သူဇာဌေး၊ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံဒေါ်ဇာခြည်ဦး၊ခရိုင်မျိုးစေ့တာဝန်ခံဒေါ်ကြင်စန်း၊ကောလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဒုတိယဦးစီးမှူးဦးဝင်းညွှန့်၊လက်ထောက်ဦးစီးမှူးဒေါ် ကြူကြူဝင်းနှင့်လက်ထောက်ကွင်းတာဝန်ခံဦးဇော်လွင်တို့မှတောင်သူများ၏အခက်ခဲများကိုဖြေ ရှင်းဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး နည်းပညာများကို ကွင်းဆင်း မျှဝေရှင်းလင်း ပေးခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ယခုလိုနည်းပညာများမျှဝေပေးခြင်းဖြင့် တောင်သူများ သီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်တိုး ကောင်းမွန်ခြင်း၊ပိုးသတ်ဆေးသုံးစွဲမှု့လျော့ချနိုင်ခြင်း အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း ကောင်းမွန်သောမျိုးကောင်းမျိုးသန့်များ ဒေသအတွင်းတောင်သူများကျယ်ပြန့်စွာ စိုက်ပျိုး နိုင်စေခြင်း စတဲ့အကျိုးအမြတ်တွေများစွာရရှိနိုင်မှာဖြစ်ကြောင်း ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်းထံမှသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)