မြောင်းမြမြို့၌ (ရွှေတိဂုံစေတီပုံတူ) မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ

မြောင်းမြ  ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရှုခင်းသာကျေးရွာ၊ ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာ ကျောင်းဝန်း၌ တည်ထားကိုးကွယ်မည့် (ရွှေတိဂုံစေတီပုံတူ) မဟာအတုလ မြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် နာရီအချိန်က ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာကျောင်း စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  နမောတဿ ()ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃ မဟာနာယက အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တစန္ဒာဝရ ဇေယျမေဒနီဆရာတော် က စေတီတော် အလယ်မဏ္ဍိုင် ပန္နက်တော်အား စိုက်ထူခြင်း၊ နိုင်ငံတော်သံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အလယ်တောရ ဆရာတော် အမှူးပြုသော မြို့နယ် ဂိုဏ်းပေါင်းစုံမှ ဆရာတော်၊ သံဃာတော် အရှင်မြတ်()ပါးတို့က ပထမဂြိုလ်ရှစ်ခွင်အား ပန္နက်တော် စိုက်ထူခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒုတိယ ဂြိုလ်ရှစ်ခွင် ပန္နက်တော်အား စိုက်ထူခြင်းနှင့် အမွှေးနံ့သာများ ပက်ဖျန်းကာ အောင်ဘိတ်သိက် ဂါထာတော် ဖတ်ကြားခြင်း၊ သံဃာတော် အရှင်မြတ်တို့က မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဖတ်သရဇ္စျာယ်၍ ဗုဒ္ဓသာသနံ စိရံတိဌတု ()ကြိမ်ရွတ်ဆိုပြီး ပထမပိုင်း အခမ်းအနား ပိတ်သိမ်းခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ဖြင့်   အလှူရှင်၊ အကျိုးဆောင်အဖွဲ့များမှ  ရတနာပန္နက်တော်များကို စိုက်ထူခဲ့ကြပြီး အရပ်လေးမျက်နှာသို့ မျက်နှာမူလျက် သာသနာပြု အဘအောင်မင်းခေါင်၏ အောင်ဂါထာကို ကြွေးကြော်ကာ အောင်ဓာတ်ယူ အောင်မြေနင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကေခိုင်၊ဇေဇေ(မြောင်းမြ)